မုဒုံ ဇူလိုင် ၆
မွန်ပြည်နယ်၊ မုဒုံမြို့၌ ကိုဗစ်-၁၉ရောဂါကုသရေးလုပ်ငန်းတွင် အထောက်အကူပြုသည့် လိုအပ်သော Oxygen Concentrator စက်များလှူဒါန်းခဲ့သည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်က မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်ဇော်က အဖွင့်အမှာစကား ပြောကြား ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကျော်မိုးနိုင်က အလှူရှင်များအား ကိုဗစ်-၁၉ ရောဂါ ကုသရေး လုပ်ငန်းအတွက် အထောက်ပြုသော Oxygen Concentrator စက်လှူဒါန်းသည့်အတွက် အထူးပင် ကျေးဇူတင်ရှိပါကြောင်းပြောကြားခဲ့သည်။ ထို့နောက် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံအတွက် Oxygen Concentrator စက်(၇)လုံးကိုအလှူရှင်(၇)ဦးတို့က လှူဒါန်းခဲ့ပြီးသက်ဆိုင်ရာတာဝန်ရှိသူများက အလှူရှင် များအား အသီးသီးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်ဇော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဇော်၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးမင်းအောင်မြင့်နှင့် မြို့နယ်နေ အလှူရှင်စေတနာရှင်တို့က မြို့နယ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသလျက်ရှိသော လူနာ(၂၁)ဦးအတွက် အလှူငွေ(၈၆၀၀၀၀)ကျပ်ကို လည်ကောင်း၊ အလှူရှင် နှစ်ဦးမှ Pulse Oximeter(၁)လုံးကိုလည်ကောင်း၊ ကိုဗစ်-၁၉ကာကွယ်ရေး ပစ္စည်းဝယ်ယူရန် အတွက် အလှူငွေကျပ်တစ်သိန်းကိုလည်ကောင်း အသီးသီးလှူဒါန်းခဲ့ရာ မြို့နယ် ဆရာဝန်ကြီးမှ လက်ခံ ရရှိကြောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အောင်မျိုးသူ