တောင်ငူ ဇူလိုင် ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရေး ရည်ရွယ်ကာ ယနေ့မွန်းလွဲပိုင်းက ပါးစပ်နှင့်နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ကန်လမ်း ဗိုလ်ချုပ်ရုပ်ထုရှေ့၌ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ မြို့အတွင်း လမ်းသွား လမ်းလာကြသူများအား နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်မှုများကို အပတ်စဉ် ရက်သတ္တပတ်များ၌ အင်္ဂါနေ့နှင့် ကြာသာပတေးနေ့များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။