ပန်းတောင်း ဇူလိုင် ၆
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် စာသင်ကျောင်းများတွင် ယမန်နေ့နံက်ပိုင်းက နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင် စာသင်ကျောင်း(၈) ကျောင်းရှိ ကျောင်းသူ ကျောင်းသားများကို ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အနှေးယာဉ်လုပ်သားများအဖွဲ့ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွား လာရေး လူထုလှုပ်ရှားမှု အသွင်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။