ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများအား ရှင်းလင်းပွဲ ကျင်းပ

စစ်တွေ  ဇူလိုင်  ၆

 

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ သတင်းမီဒီယာများအားရှင်းလင်းပွဲကို ယမန်နေ့ညနေပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

         

ရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ ကြည်လွင်၊ ပြည်နယ် ပညာရေးမှူးရုံးမှ၊ ဒုတိယညွှန်ကြားရေးမှူး၊( စီမံ) ဒေါက်တာ ထွန်းထွန်းသိန်း၊ စစ်တွေမြို့အခြေစိုက် သတင်းမီဒီယာများမှ MRTV(NRC)၊ IPRD ၊ RFA၊ BBC၊ BOA ၊Skynet ၊Skeynet One News ၊ Western News နှင့် DNG တို့မှ သတင်းမီဒီယာသမားများတက်ရောက်ကြသည်။

 

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာများက ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါပိုး တွေ့ရှိမှုအခြေအနေ၊ ပြည်နယ် စီမံအုပ်ချုပ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ၊ နယ်စပ်ကုန်သွယ်ရေး စခန်းများ ယာယီပိတ်ထားမည့်အခြေအနေ၊ အခြေခံပညာကျောင်း များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ပညာသင်ကြားနေမှု၊ ကိုဗစ်ရောဂါကာ ကူးစက်ခံထားရသည့် ဆရာ၊ ဆရာမများ ပညာသင်ကြားနေသည့် ကျောင်းများ၏ အခြေအနေ၊ တိုက်ပွဲရှောင်စခန်းများရှိ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခြေအနေ၊ ပြည်နယ်အတွင်းရှိ မြို့နယ်ဆေးရုံများတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများ တက်ရောက်နေမှု၊ ဆေးဝါးကုသနေမှု၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်သူများ လိုက်နာဆောင်ရွက်မှု အခြေအနေ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် ခရီးသွား ပြည်သူများနှင့် ဝန်ဆောင်မှုပေးထားသည့် တာဝန်ရှိသူများမှ လိုက်နာဆောင်ရွက်ရမည့် အခြေအနေ များကိုမေးမြန်းခဲ့ကြသည်။

 

မေးမြန်ချက်များအပေါ်  ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းပြန်ကြားရေးတာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့် ပြည်နယ်ပညာ ရေးမှူးရုံးမှ၊ ဒုတိယညွှန်ကြားရေးမှူးတို့က ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။

 

 

တင်ထွန်း