ကွန်ဟိန်းတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Mask Campaign ပြုလုပ်၍  ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်းရှိ/မရှိ စစ်ဆေး

ကွန်ဟိန်း  ဇူလိုင်  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်  Mask Campaign ပြုလုပ်ခြင်း၊ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခြင်း ရှိ/မရှိစစ်ဆေးခြင်းအား ယနေ့နံနက် ၈နာရီခန့်က စတင်၍  ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေး ဂိတ်၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် လမ်းသွားလမ်းလာပြည်သူများအား Mask များ ဖြန့်ဝေပေးခြင်း၊ နေအိမ် ပြင်ပသို့ထွက်ခွါပါက Mask တပ်ဆင်ကြရန် အသိပညာပေးခြင်း၊ ကုန်တင်ယာဉ်များ၊ ခရီးသည် တင်ယာဉ်များ ကျန်းမာရေးညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ အား ဆောင်ရွက်ခဲ့ကြပါသည်။

 အဆိုပါ စစ်ဆေးခြင်းအား မြို့နယ်အဆင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)