မြင်းခြံမြို့တွင် ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာ (၂) ဦး ထပ်မံတွေ့ရှိ

မြင်းခြံ ဇူလိုင် ၅
 
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့ညနေ အချိန်က ကိုဗစ်(၁၉) ရောဂါ အတည်ပြု လူနာ (၂) ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူ ဦးဇော်မင်းဦးနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ အမှတ် (၇) ရပ်ကွက်နေ ဒေါ်သီသီခိုင်အား Strict Home Quarantine ထားရှိပြီး ဇူလိုင်လ ၄ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။ ထို့နောက် ဇူလိုင်လ ၄ ရက်နေ့တွင် အမှတ် (၂) ရပ်ကွက်နေ အောင်ကိုကိုသည် ကျန်း မာရေး မကောင်းသဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ဆေးကုသမှုခံယူရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရသဖြင့် မြင်းခြံခရိုင်ပြည်သူ့ ဆေးရုံ အထူးကြပ်မတ် ဆောင်တွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း (၁၇) ဦး ရှိပြီဖြစ် ကြောင်း သိရသည်။
ကျော်စွာ