လင်းခေးတွင် နှာခေါင်းစည်း (Mask)Campign ပူးပေါင်းဆောင်ရွက်

လင်းခေး ဇူလိုင် ၅

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့တွင် ယနေ့နံနက် ၇နာရီ က မြို့နယ်တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း (Mask Campaign)ကို ပူးပေါင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ Campaignကို လင်းခေးမြို့၊ မြို့မစည်ပင်သာယာဈေး၊ ယာယီကုန်စိမ်းဈေးနှင့် မြို့တွင်းလူသွားလာ လှုပ်ရှားလျက်ရှိသော မြို့မလမ်းမကြီးတလျှောက်၌ နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသူများအား အသိပညာပေးဟောပြောပေးခြင်းနှင့် နှာခေါင်းစည်း (Mask)အရေအတွက် စုစုပေါင်း(၁၀၀၀) ကို အများပြည်သူတို့ထံ ချက်ချင်းတပ်ဆင်ခြင်း စနစ်ဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။ 

“အခုလို ပြန်လည်ကွင်းဆင်းဆောင်ရွက် ပြုလုပ်ပေးရတာက ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်း ကာလအပြီးနောက်ပိုင်း နှာခေါင်းစည်းတပ်ဆင်သွားလာမှုများ နည်းပါးလာခဲ့ပြီး အခုတဖန်ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကို ကျွန်တော်တို့မြို့နေ ပြည်သူလူထုတတွေ ပိုမိုသိရှိပြီး မဖြစ်မနေ Mask တပ်ဆင်ပြီးမှ သွားလာလှုပ်ရှားလာစေဖို့ ရည်ရွယ်ပြီး ဒီကနေ့ဖြန့်ဝေပေးခဲ့ကြခြင်း ဖြစ်ပါတယ် အဲဒီအပြင် လာမည့် ရှေ့ဆက်ရက်တွေမှာလည်း ပူးပေါင်းအဖွဲ့နဲ့ လိုအပ်တဲ့နေရာတိုင်းမှာ သွားရောက်ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပြီး အသိပညာပေးခြင်းများ၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပေမဲ့လည်း အပြင်သို့ထက် သွားလာလှုပ်ရှားရတဲ့အခါ Maskတပ်ဆင်သွားလာခြင်းမပြုသေးသောသူများအား အခကြေးဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေခြင်း စနစ်နဲ့လည်း မြို့နယ်အတွင်းဆောက်ရွက်သွားနိုင်ဖို့ ကျွန်တော်တို့မြို့နယ် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားဖို့ရှိပါတယ်ဟု မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်း က ပြောသည်။

ကွင်းဆင်းဆောင်ရွက်ခဲ့ကြရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း ပူးပေါင်းပါဝင် ဆောင်ရွက်သူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စိုင်းဇော်လတ်(လင်းခေး)