ပလောက်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် Mask နှာခေါင်းစည်းများ ဖြန့်ဝေ

ပလောက် ဇူလိုင် ၅

တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ ပလောက်မြို့  မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ ဦးဆောင်သော အဖွဲ့ သည် ယနေ့ နံနက် ၇ နာရီခွဲက ပလောက်မြို့ လူစည်ကားရာနေရာဖြစ်သော ပလောက်မြို့ စည်ပင် သာယာဈေးအတွင်းနှင့်  ထားဝယ်-မြိတ် ကားလမ်းမပေါ်တွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ စေရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်ရာ တွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ နယ်မြေရဲစခန်းနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ ကို ကိုဗစ်−၁၉ ရောဂါပိုးများ မိမိတို့ မြို့အတွင်း ဝင်ရောက်၍ ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို သိရှိလိုက်နာနိုင်ရန် အသိပညာပေးခြင်းအပြင် နှာခေါင်းစည်း Mask အခု (၅၀၀) ကို ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

နှင်းမြူလွင်