မိတ္ထီလာမြို့နယ်တွင် ရေးသူဖတ်သူ စာဖတ်ဝိုင်းကျင်းပ

မိတ္ထီလာ၊ ဇူလိုင် ၅

မိတ္ထီလာမြို့နယ်တွင် ရေးသူဖတ်သူ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မိတ္ထီလာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးတင်သော်က အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဦးမျိုးမင်းဇော်က စာဖတ်ဝိုင်းကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ သည်။

ထို့နောက် စာရေးဆရာမ ထီလာဝင်းယုမာက ၎င်းရေးသားသော ပခုက္ကူစာပေဆုရရှိသည့် ဆူးစည်းနှင့် အခြားဝတ္ထုတိုများစာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ ၎င်းစာဖတ်ဝိုင်း ကို တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များ၊ မြို့နယ်စာရေးဆရာများနှင့် စာပေဝါသနာ ရှင်များက ဝတ္ထုတိုပါအကြောင်းအရာ များကို ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်