မန့်ဟီးရိုးမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေးကြပ်မတ် ဆောင်ရွက်

မန့်ဟီးရိုး ဇူလိုင် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချနိုင်ရေးအတွက် ယမန်နေ့မှစ၍ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                                                                                          

မန့်ဟီးရိုးမြို့ရှိ ဒေသခံပြည်သူများကို လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်နိုင်ရေးအတွက် မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမှ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ကြတ်မတ်ဆောင်ရွက်ပေးလျက်ရှိပြီး ငါးရက်တစ်ဈေးဖြစ်သော ဈေးနေ့များကို တစ်လတိတိပိတ်ခြင်း၊ ဒေသခံပြည်သူများအနေဖြင့် ရပ်/နီး ရပ်/ဝေးမှ လာရောက်သည့် ဧည့်သည်များရှိပါက အသိပေးအကြောင်းကြားစေခြင်း၊ အိမ်ပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာကြရန်နှင့် Mask မတပ်ဆင်ပါက ဒဏ်ငွေများကောက်ခံခြင်းများကို ပြုလုပ်လျက်ရှိကြောင်းနှင့် ဒေသခံပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                                                   

စန္ဒာ