တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေး ဖျန်းပေးခြင်းဆောင်ရွက်

တန့်ယန်း  ဇူလိုင်  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျှက်ရှိရာ မြို့နယ်အရန်မီးသတ်တပ်ရင်းသည် ယမန်နေ့က ယာယီပျံကျစျေးနှင့် ရုံးဌာနများအား ပိုးသတ်ဆေး ဖျန်းပေးခဲ့သည်။

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်အရန်မီးသတ်တပ်ရင်းမှ တပ်ဖွဲ့ဝင် များသည် လေယာဉ်ကွင်းဟောင်းနေရာရှိ ယာယီပျံကျစျေးအတွင်း/အပြင်နှင့် စျေးဆိုင်များကို လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးများကိုလည်းကောင်း ပိုးသတ်ဆေးဖျန်း စက်ကြီးတို့ဖြင့် ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း သိရသည်။                                           

မင်းလွင်ဦး(ပြန်/ဆက်)