အမာ ဇူလိုင် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ Book Club အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ မွးန်တည့် ၁၂ နာရီက စာရေးဆရာကျော်ဝင်း ရေးသားသော ''နှစ်ဆယ့်တစ်ရာစုသားရွှေဥ'' စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့ဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဝင် နော်အေးအေးသက်က နှစ်ဆယ့်တစ်ရာစု သားရွှေဥစာအုပ်ထဲမှ ကိုယ့်ကိုယ်ကို သောကဖိစီးခံနေရတာ၊ စိတ်ထဲမှာ လွှတ်ဟာကျန်ရစ်တာမျိုးကို ကြုံဖူးကြမယ် ထင်ပါကြောင်း၊ တကယ်လို့ အဲလိုမျိုးကြုံခဲ့ရင် အထောက်အကူပြုနိုင်သော အကျင့်များကို ဆွေးနွေးခဲ့ပြီး၊ စာပေဝါသနာရှင် နော်မူးဂေးစေးမှ လူငယ်တို့အတွက် ခွန်အားဖြစ်စေမည့် ဘဝသစ်ပင်နှင့်ပတ်သက်သည့် အကြောင်းတို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် အဖွဲ့ဝင်များ ကလည်း စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမာ(ပြန်/ဆက်)