နောင်ချို ဇူလိုင် ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းသို့ လိုအပ်သလိုအသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေနှင့်ပစ္စည်းများကို လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က နောင်ချိုမြို့ဈေရပ်ကွက်မှ ဦးဖေကြိုင်+ဒေါ်တင်ရီ (သစ္စာအောင်ကော်ဖီ) မိသားစုမှ အလှူငွေ ကျပ်(၁၀)သိန်းကို လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတဆရာတော်မှ လက်ခံရယူ ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက အခါအားလျော်စွာ အလှူငွေနှင့်ပစ္စည်းများကို လှူဒါန်းပေးလျက်ရှိပြီး သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းမှလည်း နောင်ချိုမြို့နယ်၏ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် လိုအပ်သည့်နေရာမှ ကူညီဆောင်ရွက်ပေးခြင်း၊ ပိုးတွေ့လူနာများအား အစားအသောက်များ ချက်ပြုတ်လှူဒါန်း ပေးခြင်း၊ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူ မိသားစုဝင်များ၏ နေအိမ်များသို့ စားသောက်ကုန်ပစ္စည်းများ လှူဒါန်းပေးပို့ခြင်း၊ မြို့နယ်အတွင်းလိုအပ်သည့် နေရာများသို့ ပိုးသတ်ဆေးဖျန်းခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)