ညောင်လေးပင် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ အတည်ပြု လူနာ (၁၀၂) ဦးနှင့် ရန်ကုန်ပြန် (၁)ဦး စုစုပေါင်း (၁၀၃)ဦးအား ဇူလိုင် ၁ ရက်နေ့တွင် RDT(Test Kit) ဖြင့်စစ်ဆေးရာ ကိုဗစ်အတည်ပြုလူနာ (၁၁) ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ညောင်လေးပင်မြို့နယ်တွင် (၁၈) ဦးရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အတည်ပြုလူနာများတွင် အသက် (၁၂) နှစ်၊ (၉)နှစ်နှင့် (၆)လ ကလေးသုံးဦးပါဝင်ကာ စုစုပေါင်း အမျိုးသား(၅)ဦး၊ အမျိုးသမီး(၆)ဦးဖြစ်ပြီး ပိုးတွေ့အတည်ပြုလူနာများသည် ညောင်လေးပင် မြို့၊ ပြွန်တန်ဆာမြို့နှင့် ဂျို့ပင်ကျေးရွာအုပ်စုတို့မှဖြစ်၍ ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ပြွန်တန်ဆာတိုက်နယ်ဆေးရုံများရှိ သီးသန့်ကုသဆောင်တို့တွင် ပို့ဆောင်ကုသပေးလျက်ရှိသည်။ အဆိုပါ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်သူများအား Quarantine ထားရှိကာ Swab နမူနာ ရယူ၍ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။