ဟုမ္မလင်း ဇူလိုင်၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် ယမန်နေ့ ညနေ (၄)နာရီအချိန်က ဟုမ္မလင်းခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိလာရောက်စစ်ဆေးခံသူ (၃၉)ဦးအား RTD Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၁၄)ဦး ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာများကို ဟုမ္မလင်းမြို့ ၊ခုတင်(၁၀၀)ဆံ့ပြည်သူ့ ဆေးရုံ (၉)ဦး၊ ဆည်မြောင်းရုံး၊ သီးသန့်ကုသဆောင်၌ (၃၅)ဦး၊ ကောလိပ် (သီးသန့်ဆောင်)တွင်(၁၈၉)ဦး၊ ဆေးရုံ ဆင်းသူ(၃၂)ဦး၊ ဆေးဝါးများကုသမှုခံယူသူလူနာ(၂၃၃)ဦး၊ ပိုတွေ့လူ နာ စုစုပေါင်း (၂၆၅)ဦးခန့်ရှိကြောင်းသိရသည်။
ကူးဆက်သူ အများစုသည် ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာဒေသခံ အများစု ဖြစ်ကြောင်း သိရသည်။
လင်းလင်း(ဟုမ္မလင်း)