ဝါးခယ်မမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ပြုလုပ်

ဝါးခယ်မ ဇူလိုင် ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် နိုင်ငံအတွင်း ဒေသအချို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားနေသဖြင့် မိမိတို့မြို့နယ်အတွင်း ကူးစက်ပြန့်နှံ့မှု မရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ မြူရုံးလမ်းတစ်လျှောက်နှင့် ဈေးရပ်ကွက်၊ မြို့မဈေးစသည့် လူအသွားအလာ များပြားသည့် နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦး‌ဆောင်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးမင်းထွဋ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးကျော်စိုး၊ အမှတ်(၉၃)ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီး ထူးပြည့်စုံနှင့် စစ်သည်များ၊ မြို့မရဲစခန်းမှူး ဒုရဲမှူးစောတင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်းအင်အား (၄၀)ဦးတို့က ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ ဈေးရောင်းချ သူများနှင့် ဈေးသွား၊ ဈေးလာများ နှာခေါင်စည်း(Mask) မဖြစ်မနေ တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ကူးစက် ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရေးတို့အား အသိပညာပေး ဟောပြောခဲ့ပြီး တစ်ခါသုံး နှာခေါင်းစည်း(၁၂၅၀)အား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

စောသန္တာဦး(ပြန်/ဆက်)