တောင်တွင်းကြီး ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄၂) ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့မှ သိရသည်။
တောင်တွင်းကြီးမြို့နယ်၊ ကင်မွန်းတောင်အုပ်စု ကသာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ (၃၆) ဦးရှိပြီဖြစ်ကာ ရွှေကြာအင်း(၁)ရပ်ကွက်မှ (၃)ဦး၊ အုန်းတော(၂)ရပ်ကွက်မှ (၁) ဦးနှင့် မောင်းတိုင်(၂)ရပ်ကွက်မှ(၂)ဦး စုစုပေါင်း အတည်ပြုလူနာ(၄၂)ဦး ရှိပြီဖြစ်ကြောင်းနှင့် အဆိုပါ အတည်ပြုလူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူစေလျက် ရှိသည်။
ကိုဗစ်-၁၉ အတည်ပြုလူနာများစွာတွေ့ရှိခဲ့သည့် ကသာကျေးရွာအား ဇူလိုင်(၁)ရက်နေ့မှ (၁၄) ရက်နေ့အထိ အသွားအလာကန့်သတ်ထားရှိကြောင်း၊ ကသာကျေးရွာ အလယ်တန်းကျောင်းကို ခေတ္တပိတ်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။