တောင်တွင်းကြီးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စတီး/သံဂဟေဆက် သင်တန်းဆင်းပွဲကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၂

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ညောင်ပင်သာကျေးရွာ ဘုရားကျောင်းတွင် ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေရရှိစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်စေ ရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက် မွေးဝမ်းကျောင်း အထောက်အကူပြု စတီး/သံဂဟေဆက်သင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀) နာရီက ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းငွေရည်စိုး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ထိုနောက် ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား ဇွန်လ(၁၈)ရက်နေ့မှ ဇူလိုင်(၂)ရက်နေ့အထိ သင်တန်းသား(၂၀)ဦးတို့အား နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ (၁၅) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးခဲ့ကြောင်းသိရသည်။