ပေါင်းတည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ ဖြန့်ဝေ

ပေါင်းတည် ဇူလိုင် ၂

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေပြီး မျိုးဗီဇပြောင်း ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုး များ မြန်မာနိုင်ငံအတွင်း တွေ့ရှိနေရသဖြင့် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ ဝေငှခြင်းတို့အား ယနေ့ နံနက်ပိုင်းက ပေါင်းတည်မြို့နယ်အတွင်း လူစည်ကားရာ နေရာများဖြစ်သည့် မြို့မဈေးနှင့် ရွှေတည် ဈေးသစ်တို့တွင် ပြည်သူများအား ဝေငှခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှခြင်းလုပ်ငန်းများကို ရပ်ကွက်အတွင်း တာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ စည်ပင်သာယာ ဝန်ထမ်းများမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ပေါ့ဆမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် အချက်အလက်များအား ပညာပေးပြောကြား၍  နှာခေါင်းစည်း(Mask)များအား ဈေးရောင်းသူများ၊ ဈေးဝယ်လာသူများ၊ ဆိုက်ကားဂိတ်များ၊ လမ်းသွား လမ်းလာများအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
 ချစ်နှင်းသုန်