မင်းလှ ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လက်ဆက်အုပ်စု၊ စိန်ကန့်လန်ကျေး ရွာစိတ္တသုခကျောင်းတိုက် ဆရာတော်သည် နေမကောင်းဖြစ်၍ အနံ့ပျောက်ဆုံးနေကြောင်း သတင်းပေးပို့လာသဖြင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့က သွားရောက်စစ်ဆေးရာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရှိရသည်။
ဆရာတော်အား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာလှဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့၍ မြို့နယ်ပြည်သူ့ဆေးရုံသီးသန့်ဆောင်သို့ ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာတော် သည် stay at home မြို့နယ်သို့ သွားရောက်ခဲ့ခြင်း မရှိသလို ကိုဗစ် positive လူနာများနှင့်လည်း ထိတွေ့ခဲ့ခြင်းမရှိကြောင်း သိရသည်။
အလားတူ အမှတ်(၅) ရပ်ကွက်၊ မင်းတန်းလမ်း၌ ဖွင့်လှစ်ထားသော ကမ္ဘာ့ရတနာဘဏ်ဝန်ထမ်း အမျိုး သမီးတစ်ဦးသည် အနံ့မရ နေမကောင်း သဖြင့် ပြည်သူ့ဆေးရုံသို့ လာရောက်ပြသစဉ် RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့၍ အမှတ်(၇) ရပ်ကွက်၊ ပြည်တော်သာ အိုးအိမ်ဝန်ထမ်းအိမ်ရာသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စိတ္တသုခဘုန်းတော်ကြီးကျောင်းတိုက်နှင့် ကမ္ဘာ့ရတနာဘဏ်တို့အား ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် ရတ်သတ္တပတ်(၂) ကြာ ယာယီပိတ်သိမ်းထားကြောင်း၊ ဇူလိုင်လ ၁ ရက်နေ့တွင် ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း(၂၄) တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပေါက်စ