ဟင်္သာမြို့တွင် ငါးသယံဇာတထိန်းသိမ်းရေး ( Talk Show ) အစီအစဉ် ဆောင်ရွက်

ဟင်္သာတ ၊ ဇူလိူင် ၂
 
ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင်ဟင်္သာတမြို့ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနCommunity Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃နာရီက ငါးသယံဇာတ ထိန်းသိမ်းရေး Talk Show အစီအစဥ်ကို ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြန်ဆက်ဦး စီးအရာရှိ ဒေါ်ခင်သန္တာထွေးက မိတ်ဆက်စကားပြောကြားကာ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးတင့်လွင်က ငါးသယံဇာတထိန်းသိမ်းရေးနှင့်ပတ်သက်၍ ရေချိုရေငန်ရှိ
ငါးသဘာဝများအကြောင်း၊ ငါးမျိုးစိတ်များအကြောင်း ၊ မြစ်ချောင်း အင်းအိုင်များတွင် ငါးများပေါက်ဖွားမူငါးမျိုးမပြုန်းတီးရေး အတွက် ငါးမွေးသူများ ၊ ငါးဖမ်းသူများ ၊ စားသုဲးသူများ လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များငါးရစ်ငါးသန် များအကြောင်း၊ ငါးစားသုံးမူကြောင့် ရရှိနိုင်မည့် ကျန်းမာရေး နှင့် အဟာရ အတွက် ကောင်းကျိုးများကို ပြောကြားခဲ့ကြောင်းသိရသည်။
ကိုဇော်