မိုင်းယု ဇူလိုင် ၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့မှ ဒေသတွင် စားသောက်ဆိုင်များ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခြင်းများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့မှ အဖွဲ့(၃)ခေါင်ဆောင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခွန်အာကာထွန်း ဦးဆောင်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နယ်မြေ ခံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်/ ကျေးစာရေးများ ပါဝင်သည့်အဖွဲ့ဝင်များက ဒေသတွင်ရှိ စားသောက်ဆိုင် များနှင့် ဈေးဆိုင်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် ဆောင်ရွက်ထားမှု အခြေအနေတို့ကို သွားရောက်၍ စစ်ဆေးခဲ့ကြ ခြင်းဖြစ်သည်။
အဆိုပါ စစ်ဆေးမှုတွင် စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ပျံကျဈေးသည်များနှင့် အခြားဈေးဆိုင် များအား ဈေးရောင်းသူများ နှာခေါင်းစည်း(Mask)တပ်ဆင်ရောင်းချနေခြင်း၊ ဆိုင်ရှေ့ ကြိုးတားထားခြင်းနှင့် လက်ဆေးဘေစင်များ ပြုလုပ်ထားခြင်း၊ တစ်ဦးနှင့်တစ်ဦးကြားတွင် ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြားနှင့် ပလတ်စတစ်အကြည်စ စသည်တို့ ကန့်ထားခြင်း ရှိ/မရှိ ဆက်လက်စစ်ဆေးပညာပေးဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)