ရမည်းသင်း ဇူလိုင် ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန(Community Center)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရေးသားသော နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဝန်ထမ်းများ စာဖတ်သည့် အလေ့အကျင့် အလေ့အကျင့်များ ရရှိရန်၊ ဝန်ထမ်းများ အနေဖြင့် ပေးအပ်ထားသော တာဝန် ဝတ္တရာများနှင့်အညီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်များ ဆောင်ရွက်နိုင်ရန်အတွက် အရည်အသွေး မြင့်မားစေရန် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှု ရှိစေရန်အတွက် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး စာဖတ်ဝိုင်းတွင် ပြန်/ဆက် ဝန်ထမ်းများမှ နိုင်ငံဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်အား ဖတ်ရှုကာ အပြန်အလှန် ဆွေးနွေး ခဲ့ကြသည်။
ဆွေးနွေးချက်များ နှင့်ပတ်သက်၍ ခရိုင်ဦးစီးမှူးက ဝန်ထမ်းတစ်ဦးချင်းစီအလိုက် နားလည် မှတ်သားထားမှု အခြေအနေကို သိရှိနိုင်ရန်အတွက် မေးခွန်းများ မေးမြန်း ဆွေးနွေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ရန်နိုင်ထွန်း