ပေါက်ခေါင်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့မပျိုးဥယျာဉ်တွင် မိုးရာသီစိုက်ပျိုးရန် ပျိုးထောင်ထားသော အရိပ်ရလေကာပင်၊ ပန်းပင်များနှင့် နှစ်ရှည်ပင်များကို ပြည်သူများ စိုက်ပျိုးနိုင်ရန် အခမဲ့ လာရောက် ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။
အဆိုပါ ပျိုးထောင်ထားသည့် နှစ်ရှည်ပင်များ၊ အရိပ်ရအပင်များအဖြစ် စုစုပေါင်းအပင်ရေ (၅၀၀၀၀)ကို မြို့မပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း၊ လည်းကောင်းအပင်အမျိုးအစားများမှာ ကျွန်း၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ မယ်ဇလီ၊ ရေတမာ၊ မယ်ဇယ်၊ ခရေ၊ ပုန်းညှက်နှင့်စိန်ပန်း စသည့် အပင်အမျိုးအစားများကို ပျိုးထောင်ထားရာ ပြည်သူများမှ စိုက်ပျိုးလိုသည့် ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာနတွင် လာရောက်ထုတ် ယူနိုင်ကြောင်း သိရသည်။
သန်းထွန်းအောင်