ရေစကြို ဇူလိုင် ၁
နိုင်ငံတစ်ဝန်းစိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကျင်းပပြု လုပ်သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ရေစကြိုမြို့နယ် သစ်တောဦးစီးဌာန၊တောအုပ် ဦးမောင်ရွှေက ကျွန်းပင်၊ မန်ကျည်းပင်၊ ခရေပင်၊ ပိတောက်ပင်၊ မယ်ဇလီပင်၊ ရေပိတောက်ပင်၊ သပြေဘူတပင် စသည့် ပျိုးပင်ပေါင်း(၃၅)ပင်ကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ရေစကြိုမြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအောင်ထံ ပေးအပ်သည်။
ထို့နောက် ရေစကြိုမြို့နယ်၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရေစကြိုမြို့နယ်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးနှင့် ဝန်ထမ်းများ၊ သင်တန်းသူများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးကြကြောင်း သိရသည်။
နော်နော် (ချင်းတွင်းသား)