လက်ပံတန်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ဇွန်လ၇ ရက်နေ့မှစ၍ ယနေ့အထိ ကိုဗစ်ပိုး တွေ့ရှိသူ (၆၀၆) ဦးရှိပြီး ယနေ့နံနက်တွင် အမျိုးသားတစ်ဦး ထပ်မံသေဆုံးကြောင်း သိရသည်။
အသက်(၆၁)နှစ်ရှိ သေဆုံးသူအမျိုးသားမှာ မိမိနေအိမ်တွင် အသက်ရှုကြပ်သဖြင့် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသရာ လမ်းတွင် သေဆုံးသွားခဲ့သည်။ အဆိုပါ သေဆုံးသူအား မြို့နယ်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်လာပြီး ကိုဗစ်၁၉ ရောဂါပိုး ရှိမရှိ swab နမူနာယူစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ၎င်းနှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွန်လ ၇ ရက်နေ့မှစ၍ ယနေ့ထိ သေဆုံးသူ(၉)ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူ(၂၁၂)ဦး၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းGTI ကိုဗစ် -၁၉ ကုသရေးစင်တာတွင်(၂၂၁) ဦး၊ ပြည်သူ့ဆေးရုံ Isolation Ward တွင်(၃၇)ဦး၊ အ.မ.က ခမုံဆိပ်တွင်(၁၅) ဦး၊ အ.လ.က ကျွန်းကလေးတွင် (၆၈)ဦး၊ အ.ထ.က သာရဝေါတွင် (၁၅)ဦး၊ အ.ထ.က ဇီးဖြူကုန်းတွင် (၃)ဦး၊ အ.ထ.က ဖိုးခေါင်စုတွင် (၁၅)ဦး၊ အ.ထ.က မကျီးကွင်းတွင် (၂)ဦး သာယာဝတီပြည်သူ့ဆေးရုံသို့ ပြောင်းရွေ့သွားသူ (၉) ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
စုဝေလွင်