မြောက်ဦးခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

မြောက်ဦး  ဇူလိုင်   ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း လတ်တလောအသက်ရှုလမ်း ကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့်ဆောင် ရွက်နိုင်ရေးအတွက် ခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံ အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်က  ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ရှင်းလင်းပြောကြားပြီး မိမိတို့မြောက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွား လာမှု မရှိသေးသည့်အတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများအနေဖြင့် ကြိုတင်ကာကွယ်တားဆီးရေး လုပ်ငန်းများ၊ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်တိုးမြင့်လုပ်ဆောင်ရေးနှင့် ဆပ် ကော်မတီများအနေဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းမှာ ကြားခဲ့ပြီး ခရိုင်အဆင့်လုပ်ငန်းဆပ်ကော်မတီများမှလည်း ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအခြေအနေများနှင့် သက်ဆိုင်ရာဌာနများအလိုက်  ရှင်းဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေးအတွက် မြို့အဝင်/အထွက်နေ ရာများတွင် စစ်ဆေးရေးဂိတ် ‌အလယ်ဈေးတံတား (Check Point) နှင့် ထမ္မရာဇ်ရပ်ကွက်၊ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးရှေ့ (Check Point) နှစ်ခုဖွင့်လှစ်ထားရှိပြီး ကျန်းမာရေးစစ် ဆေးမှုများ၊ အသိပညာပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့်ဆောင်ရွက်နေမှုအခြေအနေများ နှင့်ကြိုတင်ကာကွယ်ရေးအတွက် ပြန်လည်ဝင်ရောက်လာသူများအား စောင်ကြည့်ထိန်းချုပ်နိုင် ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသော ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ခင်မောင်ထွန်း