​တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန၌ `` ကိုဗစ် - ၁၉ အန္တရာယ်ပူးပေါင်းကာကွယ် ´´ ဆောင်းပါးဖြင့် ​စာဖတ်ဝိုင်းပြုလုပ်

 

 

တောင်ငူ  ဇူလိုင်    ၁

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအ​ခြေပြုဗဟို ဌာန Community Center ခန်းမ၌ ယနေ့ နံနက်ပိုင်းက `` ကိုဗစ် - ၁၉ အန္တရာယ်ပူးပေါင်းကာကွယ် ´´ ဆောင်းပါးဖြင့် ​စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင် ဦးစီးအရာရှိ ဒေါ်စမ်းစမ်း​အေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်​ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက ဇွန်လ ၁၉ ရက် မြန်မာ့အလင်း သတင်းစာမှ ပါရှိသည့် `` ကိုဗစ် - ၁၉ အန္တရာယ်ပူးပေါင်းကာကွယ် ´´ ဆောင်းပါးဖြင့် ​စာဖတ်ဝိုင်း ပြုလုပ်ရာ ဒေသတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်နေမှု အခြေအနေများ ၊ ထိန်းချုပ်ကာကွယ်တားဆီး ရေး အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ ၊ ကိုဗစ်တတိယလှိုင်း ထိထိရောက်ရောက် ကာကွယ်ဖို့ ကိုဗစ်စည်းကမ်းတွေ အလေးထားလိုက်နာဖို့ လိုအပ်သည့် အခြေအနေများကို  ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ထိုသို့ စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်များ ရရှိလာခြင်း၊ ဌာန၏လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေကာ လုပ်ငန်းစွမ်းဆောင် ရည် မြှင့်မားစေသည့် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်ကာ စာဖတ်ဝိုင်းအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။