ရွှေဘို ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များမှ ဖမ်းဆီးတရားဆွဲဆို ထားသူများအနက် လွတ်မြောက်ခွင့်ရရှိသဖြင့် ပြန်လည်လွတ်ပေးသင့်သူများအား ပြန်လည်လွတ်ပေးခြင်း အခမ်းအနားကို ရွှေဘိုမြို့ အကျဥ်းထောင်၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဦးခင်မောင်ဆန်းက လက်ရှိဖြစ်ပေါ် နေသော နိုင်ငံ၏အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဆုံးမသြဝါဒစကားများ ပြောကြားခဲ့သည်။ ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ကျော်ထွန်း က ပြန်လည်လွှတ်ပေးသင့်သူများ ပြန်လည်လွတ်ပေးနိုင်ရေးအတွက် လုပ်ငန်းများ ဆောင်ရွက်ရမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ဆုံးမသြဝါဒစကားများ ပြောကြားခဲ့သည်။
ထို့နောက် ပြန်လည်လွတ်မြောက်ခွင့်ရရှိသူများကိုယ်စား ကိုကောင်းဇော်မြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ပြန်လည်လွတ်မြောက်ခွင့်ရရှိသူ ယောက်ကျား ၂၃ ဦး၊ မိန်ကလေး ၅ဦး၊ စုစုပေါင်း ၂၈ ဦးကို ယမန်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် သက်ဆိုင်ရာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ အပ်နှံနိုင်ခဲ့ကြောင်း ရွှေဘိုအကျဉ်း ဦးစီးဌာန၊ တာဝန်ခံ ဦးသိန်းအေးထံမှ သိရသည်။
ခရိုင် ပြန်/ဆက်