မြို့မ(၁)လမ်းကျန်အပိုင်း ရဲစခန်းဖြတ်လမ်းမှ ငှက်ပစ်တောင်ဘုရားကြီးလမ်းအထိ ကတ္တရာထပ်ပိုး လွှာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

 

အုတ်ဖို ဇူလိုင် ၁

အများပြည်သူသွားလာရေး ပိုမိုလွယ်ကူချောမွေ့စေရန် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ မြို့မ(၁)လမ်းကျန်အပိုင်း ရဲစခန်းဖြတ်လမ်းမှ ငှက်ပစ်တောင်ဘုရားကြီးလမ်းအထိ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် အရှည် ၉၅၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၃ လက်မဖြင့် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်တဲ့အတွက် အဆိုပါလမ်းအား အသုံးပြုလျက်ရှိသည့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် ကျောင်းသား/ ကျောင်းသူ များ၏ ပညာရေးတို့တွင် ပိုမိုအဆင်ပြေ ချောမွေ့လာနိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။

 

အောင်သူ