မောင်တော ဇူလိုင် ၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ခြံပြင်ကျေးရွာရှိ မူလတန်း ကျောင်းသား/သူများ အတွက် သင်ထောက်ကူဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက် များနှင့်အညီ ယမန်နေ့ညနေ ၄ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ကေသီခိုင် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဝန်ကြီးဌာနပြင်ပရှိ ဝေးလံ ခေါင်းဖျားသော ခြံပြင်ကျေးရွာရှိ မူလတန်း ကျောင်းသား/သူ(၂၃)ဦး အတွက် ကျောင်းဝတ်စုံ၊ ခဲတံ ၊ ခဲဖျက်၊ ဗလာစာအုပ် (လက်ရေးလှ)၊ ဗလာစာအုပ် အချော၊ ဘောပင် ၊ ပေတံ အပါအဝင် သင်ထောက်ကူ ပစ္စည်း(၇)မျိုး ၊ ခြံပြင်ကျေးရွာရှိ ကျောင်းဆရာ(၂)ဦးအတွက် လုံခြည် (၂) ထည်၊ ဆရာမ တစ်ဦးအတွက် ဝတ်စုံတစ်စုံ နှင့် အဆိုပါကျေးရွာရှိ ကျောင်းထိုင် ဆရာတော်ထံသို့ ကျန်းမာရေးအထောက်အကူပြု အားဆေး (၂) ဘူးတို့အား မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ကေသီခိုင်နှင့် တာဝန်ရှိသူများက ခြံပြင်ကျေးရွာအုပ်ချုပ်ရေးမှူး လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး