နတ်တလင်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့အားကစားကွင်းခန်းမ Quarantine Centre တွင် ထားရှိသည့် သံသယ လူနာ(၁၁)ဦးအား ယနေ့ နံနက် ၈ နာရီတွင် RDT စနစ်ဖြင့် ဆေးစစ်ခဲ့ရာ မ(၂)ဦး ပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ မ(၂)ဦးသည် မြို့စိုးကျေးရွာနှင့် အနောက်စုကျေးရွာမှ ဖြစ်ပြီး ယခုအခါ နတ်တလင်းမြို့နယ်တွင် ပိုးတွေ့ လူနာ(၁ဝ)ဦးအထိ ရှိလာပြီးဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များအား ပြည်သူများ လိုက်နာ ဆောင်ရွက်ကြရန် ဓမ္မဝံသာနုရက္ခိတ အဖွဲ့ဝင်တစ်ဦးက ပြောကြာခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၂)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိပြီး ဆေးကုသလျက်ရှိကြောင်း သိရသည်။
ထားထားဦး