ဘီးလင်း ဇူလှိုင် ၁
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသက် တစ်နှစ်အောက် ကလေးများအား အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုတ်ရောင် ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ စသည့် ငါးမျိုးစပ်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက် ပုံမှန် ထိုးနှံပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင်လည်း စုရပ်နေရာများ ၌ တာဝန်ကျ ဆရာ၊ ဆရာမများက ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင် များ၏ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကိုပါ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
ဘီးလင်း(ပြန်ဆက်)