ပြည်အကျဉ်းထောင်၌ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ က ဖြင့် ဖမ်းဆီးချုပ်နှောင်ထားသူ အကျဉ်းသား/သူ(၁၅)ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၉၄ အရ အမှုမှဖြေ လျော့၍ လွှတ်ပေး

 

 

 

ပြည် ဇူလိုင် ၁

 

ပြည်အကျဉ်းထောင်၌ ရာဇသတ်ကြီး ပုဒ်မ-၅၀၅ ကဖြင့် ဖမ်းဆီးချုပ်နှောင်ထားသူ အကျဉ်းသား/သူ(၁၅) ဦးအား ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၉၄ အရ အမှုမှဖြေ လျော့၍ ဇွန် ၃၀ရက် ယမန်နေ့ နံနက် ၁၀နာရီက လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ လွှတ်ပေးရာတွင် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု စစ်ဆေးပြီး ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိရဲမှူးကြီးတိုးလှိုင်တို့က အဆိုပါ(၁၅)ဦးအား ဆုံးမဩဝါဒစကား ပြောကြားပြီး ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေး နိုင်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

ကိုဆက်