ရမည်းသင်း ဇူလိုင် ၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့အကျဉ်းထောင်မှ ယမန်နေ့ ညနေ(၅)နာရီက ဆူပူဆန္ဒပြမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ၅၀၅-က ဖြင့် အမှုမှဖမ်းဆီး အရေးယူ ထားသူများအား ပြန်လွတ်ပေးခဲ့ကြောင်း ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနမှ သိရသည်။
ရမည်းသင်းမြို့နယ်အတွင်း ဆူပူဆန္ဒပြမှုနှင့်ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုမှဖမ်းဆီးအရေးယူထားသူ (၁၈)ဦးတို့သည် ပြင်ပ ပယောဂတစ်စုံတစ်ရာကြောင့် လုပ်ဆောင်ခဲ့ရသည်ဟု ယူဆရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့်အမှုဖွင့် တရားစွဲဆို ထားခြင်းမှ အမှုရုပ်သိမ်းပေးလိုက်ကြောင်းသိရှိရသည်။ အဆိုပါ အမှုမှရုပ်သိမ်းခံရသူများအား ရမည်းသင်းအကျဉ်းဦးစီးဌာနရှိဓမ္မာရုံ၌ ရမည်းသင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးဉာဏ်မျိုးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဌေးဝင်းတို့က ဩဝါဒစကားပြောကြားခဲ့ကြောင်းသတင်းရရှိသည်။ ဇော်ဝင်းအောင်