ဘိုကလေး ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်တိုင်းရင်းသားလူငယ်များ သင်တန်း ကျောင်းတွင် ယနေ့နံနက်(၉)နာရီ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ကျောင်း ပတ်ဝန်းကျင် စိမ်းလန်းစိုပြေလှပစေရေးတို့ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပသည်။
စိုက်ပျိုးရာတွင် ဘိုကလေးမြို့နယ်၊ နယ်စပ်တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၏ ကျောင်းအုပ်ဦးလိန်းအွမ်နှင့် သင်တန်းနည်းပြများ၊ ကျောင်းသား၊ကျောင်းသူများ စုပေါင်းကာ မြို့နယ်သစ်တောဦးစီးဌာနမှ အခမဲ့ဖြန့်ဝေပေးသည့် ရတနာတန်းဝင်သစ်ပင်များနှင့် အရိပ်ရလေကာပင် များဖြစ်ကြသည့် ကျွန်း၊ မဟော်ဂနီ၊ မန်ဂျက်ရှားပင်များအား စိုက်ပျိုးခဲ့ကြကြောင်း
သိရသည်။
မိုးစက်(ဘိုကလေး)