လေးမျက်နှာမြို့နယ်တွင် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနံပေး

လေးမျက်နှာ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာ သန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က မိခင်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကိုမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနဝန်ထမ်းများကမြို့ပေါ်(၅)ရပ်ကွက်နှင့်ကျေးရွာ(၄)ရွာမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊အသည်းရောင် အသားဝါ(B)ပိုး၊ ဦးနှောက်မြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော(Rota)ကာကွယ်ဆေးကို ပါ တိုက်ကျွေးကြောင်းနှင့် ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်ကလေးချိန်မှတ်တမ်း ရယူခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ် ဆေးထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)