ဒေးဒရဲ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ဌာနဆိုင်ရာများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရစေရေးနှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ကြစေရေး ဝန်ထမ်များအား အသိပေးပြောကြားရန်နှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးရုံးလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား အထူးကရုပြုဆောင်ရွက်ရေး၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးကရုံးတွင်း၊ ရုံးပြင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား နေ့ညမပြတ် အထူးကရုပြုဆောင်ရွက်ရေးနှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြစေရေး ဆွေးနွေးပြောကြားခဲ့ရာ ဌာနဆိုင်ရာများက ရုံးလုံခြုံရေးတာဝန်ချထားမှု အခြေအနေများနှင့် ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဌာနတစ်ခုချင်းအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ရွှေဒေးသူ