နတ်မောက် ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဖလှယ်ပြီး ဆွေးနွေး တတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာဖတ်စွမ်းရည်မြင့်မားစေရေး စီစဉ်ကျင်းပသည့် ဝန်ထမ်းများ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၂) နာရီအချိန်ခန့်က မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှုးဒေါ်ဥမ္မာခင်က စာဖတ်ဝိုင်းကျင်းပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး ဒေါ်ဖြိုးအိအိဇော် (လုပ်သားရုပ်သံ) က စာရေးဆရာ ခင်မောင်အေး(နှလုံး) ရေးသား ပြုစုထားသည့် “လူရယ်လို့ဖြစ်လာရင်” စာအုပ်မှ “ဘ၀ဆိုတာခဏလေးပါ” ခေါင်းစဉ်ထဲမှ အကြောင်းအရာများ ကို ဖတ်ပြရှင်းလင်း ခြင်းဖြင့်လည်းကောင်း၊ ဒေါ တင်ပပခိုင် (ရုံးအကူ) က စာရေးဆရာ လူချို(ဘာသာပြန်) သည့် စာအုပ်ထဲမှ “ရိုးရှင်းသောဘ၀နေနည်း” အကြောင်းရာများကို ဖတ်ပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဝန်းထမ်းများက သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်းသိရသည်။
လှဝင်း (နတ်မောက်)