ဆင်ပေါင်ဝဲမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ဆင်ပေါင်ဝဲ          ဇူလိုင်         ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေး အပ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါ ပေးအပ်ပွဲတွင် ဆင်ပေါင်ဝဲမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးသိန်းဇော်ဦးက ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ် ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်သည်။

ထို့နောက် နိုင်ငံသားဖြစ်ခွင့်ရှိသူ အမျိုးအစား(၄)မျိုးခွဲခြားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင် စုလူဦးရေ  စာရင်းများကို စီမံချက်ကာလ (၁၈)လ သတ်မှတ်၍ ဆောင်ရွက်လျက်ရှိရာ စတင်ဆောင်ရွက်သည့် မေလမှ ယနေ့အထိ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်စု(၁၃)အုပ်စု၊ အိမ်ထောင်စု(၂၃၂)စုမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား အသက် (၁၀)နှစ်ပြည့် ၂၃၂ ဦး၊ အသက်(၁၈)နှစ်ပြည့် ၁၀၀ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်လဲလှယ်သူ(၁၃၅)ဦး၊ မိတ္တူ (၁၃၈)ဦး၊ စုစုပေါင်း (၆၀၅)ဦး ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှုးရုံး ဦးစီးအရာရှိ ဦးသိန်းလွင်ထံမှ သိရသည်။

 

ချိုချိုဝင်း