ကြာအင်းဆိပ်ကြီး ဇူလိုင် ၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယမန်နေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ရောဂါပိုးတွေ့ရှိသူ (၉)ဦးရှိကြောင်းသိရသည်။ အဆိုပါရောဂါပိုး တွေ့ရှိသူများမှာ ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၂)ရပ်ကွက် ရွှေဝါလမ်းရှိ mytel ရုံးမှ ဝန်ထမ်းဖြစ်သူတစ်ဦးမှ ကော့ကရိတ်မြို့သို့ သွားရောက်ရာတွင် ရောဂါပိုးလက္ခဏာတွေ့ရှိပြီး ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံတွင်သွားရောက်ပြီး RDTစစ်ဆေးမှုခံယူရာ၌ Positive (ပိုးတွေ့)ရှိခဲ့ပြီး ၎င်းရုံးမှအရောင်းဝန်ထမ်း စာရေးယာဉ်မောင်းနှင့် လုံခြုံရေး ဝန်ထမ်း ကျား(၁၀)ဦး မ(၂)ဦးအား RDT Test Kit ဖြစ် စစ်ဆေးခဲ့ရာ ဝန်ထမ်း ကျား(၉)ဦးတွင် ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၉)ဦးအား မြို့နယ်ဆရာဝန်ကြီးနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ တာဝန်ရှိသူများမှ ကြီးကြပ်စီမံ ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံအထူးသီးသန့်ကုသဆောင်၌ ထားရှိပြီး ကြပ်မတ်ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။
အထက်ဖော်ပြပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိခဲ့သော ကျား(၅)ဦး မ(၁၁)ဦး ပေါင်း(၁၆)ဦးအား Home Quarantine ထားရှိပြီး အသွားအလာ ကန့်သတ် စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။
မျိုးမင်းဦး