ညောင်တုန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက်

ညောင်တုန်း ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင် တုန်းမြို့နယ်၌ သွေးလွန် တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အဘိတ်ဆေးခတ်ပေးခြင်းကို ယနေ့ နံနက် ၁၀နာရီက မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုးဦးကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ သွေးလွန် တုပ်ကွေး ဖြစ်ပွားစေသော ခြင်များ မပေါက်ဖွားနိုင်စေရေး အသိပညာပေးခြင်း၊ ရေကန်များ၊ ကျောက်စည်များ၊ ရေအိုးများအတွင်း အဘိတ်ဆေး ခပ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။