အုတ်ဖို ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၇)ဦးထိရှိလာပြီဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
အုတ်ဖိုမြို့နယ်တွင် ထောက်ကြံ့ကွင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ပညာရေးဝန်ထမ်းတစ်ဦးမှ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါကျောင်းမှ ကျောင်းသား(၂)ဦးတွင်လည်း ထပ်မံ တွေ့ရှိခဲ့သည်။ အခြားတွေ့ရှိသူများမှာ ရန်ကုန်မှ ပြန်ရောက် လာသူများနှင့် ကြို့ပင်ကောက်မြို့မှ ပြန်လာ သူများဖြစ်ပြီး အုတ်ဖိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်းမှာ(၇)ဦး ရှိပြီဖြစ် ကြောင်း သိရသည်။ ကိုဗစ်ရောဂါပိုး တွေ့ရှိသူများနှင့် ထိစပ်သူများအား Quarantine Centre များတွင် ကန့်သတ် ထားရှိကာ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အောင်သူ