ဇီးကုန်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်များကို ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ လိုက်လံစိုက်ထူခဲ့ကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ရန် မပျက်မကွက် လုပ်ဆောင်ရ မည့်အချက်များ၊ စနစ်တကျ လက်ဆေးနည်းများ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ ဝတ်ဆင်ခြင်း စသည့် အချက်များပါဝင်သည့် အသိပညာပေးဆိုင်းဘုတ် များကို မြို့မဈေးကြီး ဝင်ပေါက်၊ မီးပွိုင့်လမ်းဆုံနှင့် ကုန်သည်လမ်းထောင့်တို့တွင် စိုက်ထူခဲ့ပြီး၊ အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ