ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၀) ဦးတွေ့ရှိ 

ဆားလင်းကြီး ဇူလိုင်    

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၀) ဦး တွေ့ရှိခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီထံမှ သိရှိရသည်။ 

ဆားလင်းကြီးမြို့နယ် သမ္မတောကျေးရွာအုပ်စု၊ သမ္မတောကျေးရွာနေ အမျိုးသားတစ်ဦးမှာ ကျန်းမာရေးမကောင်းဘဲ ကိုဗစ်-၁၉ ရောဂါလက္ခဏာများ တွေ့ရှိရကြောင်း ကျေးရွာအုပ်ချုပ်ရေး မှူး၏ တင်ပြချက်အရ  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက Rapid Diagnostic Test  Kit များဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာနှင့်ထိတွေ့ ဆက်စပ်သူများအား ဆက်လက်စစ်ဆေးခဲ့ရာ ၎င်းအပါအဝင် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း(၁၀)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၀)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံတွင် သီးခြား lsolated ထားရှိ၍ ကျန်းမာရေးစောင့်ရှောက် ကုသမှုပေးနိုင်ရန် စီစဉ်ဆေင်ရွက်ပေး ထားကြောင်း သိရှိရသည်။

(မြို့နယ် ၊ ပြန်/ဆက်)