မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ရေးလူထုလှုပ်ရှားမှု Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

 

မော်လမြိုင်      ဇူလိုင်    

မွန်ပြည်နယ်၊   မော်လမြိုင်မြို့နယ်၌   ကိုဗစ်-၁၉ ရောဂါ   ကြိုတင်ကာကွယ်ရေး  လူထုလှုပ်ရှားမှု အသိပညာပေး Mask Campaign ဆောင်ရွက်ခြင်းကို  ယနေ့နံနက်၈နာရီက   ဖက်တန်းရပ်ကွက်  သားငါးဈေးနှင့် ဈေးလမ်းတစ်လျှောက်ယာဉ်များ၊  လမ်းသွားလမ်းလာပြည်သူများ လက်ဝယ်အရောက်  နှာခေါင်းစည်း (Mask) အခု ၁၀၀၀ အခမဲ့ ဖြန့်ဝေပေးသည်။

 

ဖြန့်ဝေပေးရာတွင်   မြို့နယ် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ထိန်းချုပ်ရေးနှင့်   အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ယု၏ ကြီးကြပ်မှုဖြင့်  မြို့နယ်အဆင့်   ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီကယ်ဆယ်ရေးအသင်းတို့က ကိုဗစ်-၁၉ ရောဂါ ပြည်တွင်း ကူးစက်မှုနှုန်း  မြင့်မားလာမှုကြောင့် ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ဈေးရောင်း၊ ဈေးဝယ်မှုပြုကြရာတွင်  တစ်ဦးနှင့်တစ်ဦး     သတ်မှတ်အကွာအဝေးအတိုင်း    ရောင်းဝယ်မှုပြုရန်နှင့်  ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန၏   စည်းကမ်းသတ်မှတ်ချက်၊  လမ်းညွှန်မှာကြားချက်များအတိုင်း လိုက်နာကြစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)