ပွင့်ဖြူ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စ ိမ်းလန်းစိုပြည် စေရန်နှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဂေဟစနစ်အား လျှော့ချနိုင်ရေးအတွက် ရည်ရွယ်၍ ယခု ၂၀၂၁ ခုနှစ် မိုးရာသီတွင် ကျေးရွာလူထုဖြန့်ဝေခြင်း အစီအစဉ်ဖြင့် ကျေးလက်နေပြည်သူများအား စိုက်ပျိုး နိုင်ရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အရိပ်ရပျိုးပင်များ ဖြန့်ဝေပေးရာတွင် ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မော်က သစ်ပင်စိုက်ပျိုးရန် လာရောက်ကြသည့် ဒေသခံပြည်သူများကို သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲခြင်းများ မပြုလုပ်ကြရန်၊ သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အရိပ်ရပျိုးပင်များ ဖြန့်ဝေပေးခြင်း၏ ရည်ရွယ်ချက်များကို အသိပညာပေး ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ စိုက်ပျိုးရန်အတွက် ယူကလစ်၊ ကျွန်း၊ ဝါး၊ မဲဇလီ၊ ကုက္ကို၊ သစ်စိမ့်၊ ခရေ၊ တမာ စသည့် အရိပ်ရပျိုးပင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ယခု ၂၀၂၁ ခုနှစ်၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် လူထုဖြန့်ဝေခြင်းအစီအစဉ်ဖြင့် ယူကလစ် ၊ ကျွန်း ၊ ဝါး ၊ မဲဇလီ ၊ ကုက္ကို ၊ သစ်စိမ့် ၊ ခရေ ၊ တမာ စသည့်အရိပ်ရပျိုးပင် စုစုပေါင်း ၄၀၀၀၀ အား အခမဲ့ဖြန့်ဝေရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီမှူး ဦးအောင်မော်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )