သရက်မြို့ စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် Mask Campaign ပြုလုပ် 

သရက် ဇူလိုင် ၁ 

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပါးစပ်နှင့် နှာခေါင်းစည်း Mask Campaign ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်(၇)နာရီက စည်ပင်သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးတို့တွင် ပြုလုပ်ခဲ့သည်။ 

အဆိုပါ Mask Campaign ပြုလုပ်ဆောင်ရွက်မှုတွင် မြိုနယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ် ရေးမှူး များက ဈေးရောင်း၊ ဈေးဝယ်သူများ၊ လမ်းသွား၊ လမ်းလာပြည်သူများ၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် စီးနင်းသူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရန် ရည်ရွယ်၍ ပါးစပ်နှင့်နှာခေါင်းစည်း Mask (၃၀၀) ခုအား အခမဲ့ ဖြန့်ဝေပေးပြီး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဇော်ထက်(သရက်)