ခင်ဦး ဇူလိုင် ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၈) ဦး ရှိကြောင်း မြို့နယ် ပြည်သူ့ ဆေးရုံက သိရသည်။
ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများမှာ ဇွန်လ ၃၀ ရက်နေ့က Test Kit ဖြင့်စစ်ဆေးရာ တပင်ကောင်း(တောင်) ကျေးရွာမှ ကိုဗစ်-၁၉ ပိုးတွေ့သူနှင့် ထိစပ်သူ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁) ဦးနှင့် မြင်းဒေါင်းကျေးရွာမှ မန္တလေးတွင် လူနာစောင့်အဖြင့် လိုက်ပါသူအား စစ်ဆေးရာ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး တို့အား ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်းမှ သွားရောက်ခေါ်ယူခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံ ကန့်သတ်ကုသ ဆောင်တွင် ထားရှိကြောင်း သိရသည်။
ပင်တင်းကျေးရွာမှ ကိုဗစ်-၁၉ ပိုးတွေ့ထိစပ်သူ (၁၁) ဦးကို မြို့နယ် ပြည်သူ့ဆေးရုံတွင် Quarantine ထားရှိရာ ဇူလိုင်လ ၁ ရက်နေ့က စစ်ဆေးရာ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း (၈) ဦးကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)