ပုဏ္ဏားကျွန်း ဇူလိုင် ၁
လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်/မြို့နယ်အတွင်း MCCT အကျိုး ခံစားခွင့် ရရှိသူများအား လစဉ်ငွေကြေး ထောက်ပံ့မှု ခံစားနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုရုံး များမှတစ်ဆင့် တာဝန်ယူထုတ်ပေးလျက်ရှိရာ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ငွေကြေးထောက်ပံ့မှု အစီအစဉ်တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၉၆) အုပ်စုသို့ ၂၀၂၀ ပြည့်နှစ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအ တွက် ကိုယ်ဝန်ဆောင်မိခင် (၁၅၅၃) ဦးနှင့် အသက်(၂)နှစ်အောက်ကလေး (၅၉၀၉) ဦး၊ စုစုပေါင်း (၇၄၆၂)ဦးအတွက် ငွေကျပ် (၃၂၂၉,၅၀၀၀၀) အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့်တာဝန်ရှိသူတို့က ရပ်ကွက်/ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ အဆိုပါထောက်ပံ့ငွေများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ရုံးများမှ တစ်ဆင့် ထောက်ပံ့ငွေခံစားခွင့်ရရှိသူများထံသို့ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)